မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို (၂၄.၈.၂၀၂၃) ရက်နေ့ ၊နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် တရားဝင်လိုင်စင် နှင့် သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများ၊ တရားမဝင်ဆေးဝါး များရောင်းချမှုရှိ/မရှိ၊ အခွန်ပေးဆောင်မှု ရှိ/မရှိ၊ စျေးဆိုင်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများနှင့် အခြေခံစားသောက်ကုန်များ သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချ မှုရှိ/မရှိတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဆယ်မောင် (ဒုတိယဦးစီးမှူး)မှလည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဆေးဝါးနှင့် ဖြည့်စွက်စာများတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရေး အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)