ဖြူးမြို့ ပြန်/ဆက်ရုံးတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာများတွင် ဆောင်ရွက်လျက်ရှိပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ၊ ဌာနခွဲစာရေး ဒေါ်ပပလင်းသည် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ် ဦးစီးမှူးရုံးတွင် စာစီစာကုံးနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ တက်ရောက်လာသော ဖြူးမြို့၊ စာရေးလမ်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသူကျောင်းသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ များကို အသိပညာပေးဟောပြောခဲ့ပါသည်။

   ဟောပြောပွဲတွင် ဒေါ်ပပလင်းက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနက ခန့်အပ်ထားသည့် စစ်ဆေးရေးမှူးများက ဈေးကွက်အတွင်း ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်နေမှုများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၂၀ ဦးတက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)