ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များမှ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခြင်း

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များအသင်နှင့် ပူးပေါင်း၍ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

        အများပြည်သူများ သက်သာချောင်ချိရေးအတွက် ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ်ဖြင့် ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄)ပြည်နှုန်းနှင့် အိမ်ထောင်စု (၁၅၀) အား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)