ပညာရေးဒီဂရီကောလိပ်(မုံရွာ)တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

  စစ်ကိုင်းတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒု-တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် (၂၃-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မုံရွာပညာရေးဒီဂရီကောလိပ်တွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ(၂၀)ဦး၊ ကျောင်းသား /သူ (၆၅၇)ဦး၊ စုစုပေါင်း (၆၇၇)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာမင်းမင်းသိမ့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ရီလင်းထွဋ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်မှုများအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ  ဒေါ်ခိုင်မို့မို့ ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုများအကြောင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးဝင်းက အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုက်ပျိုးရေးနည်းစနစ်ကောင်းများ (Food Safety) အကြောင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများမှ သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာဌာနမှ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)