စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

    စစ်တွေမြို့၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဦးမောင်လှဝင်း(ဦးစီးအရာရှိ) သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၁၁:၀၀) နာရီ အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၊ ကျန်းမာရေးဌာနများနှင့်စစ်တွေမြို့၊ ဆတ်ရိုးကျ ရပ်ကွက်၊အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင်ဆရာ/မ(၉)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၆၅) ဦးခန့်အား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားပြီးနောက်၊ FDA ဌာနမှ ပြည်နယ်တာဝန်ခံ ဒေါက်တာတင်ကိုဝင်း က FDAမှထုတ်ပြန်ထားသည့်စားသုံးရန်မသင့်သော အစားအသောက်၊ဆေးဝါးများနှင့် ဓါတုဆေးဝါး ဖြစ်သည့် တာရှည်ခံဆေးဝါးများအကြောင်းနှင့် စားသုံးရန် မသင့်သောသဘာဝဆိုးဆေးမဟုတ်သည့် ဓာတုဆိုးဆေးသုံးထားသည့် အစားအသောက်များအား ဝယ်ယူစားသုံးမှုမပြုရေးအသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်လှဝင်း (ဦးစီးအရာရှိ) က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း ၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ကုစားခြင်းရရှိခြင်း များအကြောင်း ၊တားမြစ်ချက်များ၊ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် အသိပညာပေးခြင်းများ ၊ စားသုံးသူများ အနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုသိရှိလိုပါက ဌာနမှ လွင့်တင်ထားသော Website (www.doca.gov.mm) တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)