စားသုံးဆီများအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများ (၃၁.၈.၂၀၂၃) ရက်နေ့ နံနက် (၁၁:၀၀) အချိန်က ပန်းတနော်မြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၃)သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို စီးပွားရေးလုပ်ငန်းရှင်များမှ သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ကြရန်၊ စားသုံးသူပြည်သူများ ထိခိုက်နစ်နာဆုံးရှုံစေမည့် ကုန်စည်များ၊ သက်တမ်းလွန် ကုန်စည်များအား ရောင်းချခြင်းမျိုးကိုရှောင်ကြဉ်ရန်၊ လုပ်ငန်းရှင်တို့မှ အထူးသတိပြုလိုက်နာ ဆောင်ရွက်ရန်ကို အသိပညာပေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ရောင်းချနေသော ဆီဘူးများတွင် ပြည်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချရန်၊ ပန်းတနော်မြို့ စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၊ ကုန်အညွှန်းအမှတ်အသားပါဝင်သောကုန်စည်များ၊ ခွင့်ပြုချက် ပါဝင်သော ကုန်စည်များသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)