မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် (၃၁.၈.၂၀၂၃) နေ့တွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မအူပင်မြို့ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်(၁၅)ဦးအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များ စားသုံးသူအား သိသာထင်ရှားစွာဖော်ပြပါဝင်သောကုန်စည်ကို ရောင်းချရန်၊ ဦးစီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်းနှင့် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ပတ်သက်သောအချက်အလက်များကို သိရှိနိုင်ရန်ရှင်းလင်းခြင်း၊ စားသုံးသူများ အသုံးပြုလိုက်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိသောပုဂ္ဂိုလ်များ အကြောင်းအချက်များကို ရှင်းလင်းခြင်းနှင့် ၊ ဥပဒေပါ အခန်း (၁၈)၏ လုပ်ငန်းရှင်များ သတ်မှတ်ထားသော ကုန်အညွှန်အမှတ်အသားများ ပြည်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်၍ ရောင်းချမှုမပြုရန် တားမြစ်ထားသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် ပညာပေးခဲ့ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် လုပ်ငန်းများကိုလည်း မှတ်ပုံတင်လျှောက် ထားရရှိရမည်ဖြစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ခြောက်လပြည့်သည့်နေ့မှစ၍ မှတ်ပုံတင်မရှိပဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းမျိုး တွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းကို လုပ်ငန်းရှင်များအား  အသိပညာပေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)