မအူပင်ခရိုင်အတွင်းရှိ ဆန်စက်အား GACC လက်မှတ် ပေးအပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် မြို့နယ်ဦးစီးမှူးနှင့် ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာန (လှည်းကူး) မှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၀) ရက်ခန့်က မအူပင်မြို့ရှိဆန်စက်များနှင့် ဓနုဖြူမြို့ရှိ ဆန်စက်များသို့လည်းကောင်း၊ (၃၁.၈.၂၀၂၃) ရက်နေ့က ညောင်တုန်းမြို့ပေါ်ရှိ ဆန်စက်များသို့လည်ကောင်း နံနက်ပိုင်းက GACC လက်မှတ်ထုတ်ပေးရေးနိုင်ရန်အတွက် မအူပင်၊ ညောင်တုန်း၊ ဓနုဖြူရှိ ဆန်စက်များသို့ ကွင်းဆင်း၍ အဖွဲ့က လာရောက်၍ စစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။

      ကွင်းဆင်းဆောင်ရွက်ရာတွင် So Shwe Orient Limited သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တင်ပို့နိုင်ရေးအတွက် စာချုပ်ချုပ်ဆိုထားပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရန် The General Administration of Customs of the People’s Republic of Chin (GACC) မှတ်ပုံတင်လက်မှတ်လျှောက်ထားရာ လိုအပ်သည်များ ဆောင်ရွက်နိုင်ရန်ပြင်ဆင်မှုများ မအူပင်ခရိုင်၊ မြို့နယ်များရှိ ဆန်စက်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်ဆောင်ရွက်နိုင်ရေး စစ်ဆေးခြင်း၊ Sanitary and Phytosanitary Protocol – SPS Protocol ပါသတ်မှတ်ချက်များ ကိုက်ညီမှုရှိစေရန် စစ်ဆေးခြင်း၊ ကုန်ကြမ်းနှင့် ကုန်ချောသိုလှောင်ရုံ စက်ရုံ၊ သိုလှောင်ရုံအတွင်း ထားရှိမှုများကို စစ်ဆေးခြင်း၊ ဆန်ကြိတ်ခွဲ ပြီးစီးမှု အရည်အသွေးများကို စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး စစ်ဆေးကြည့်ရှု့တွေ့ရှိချက်အပေါ်အခြေခံ၍ (GACC)လက်မှတ်လျှောက်ထားနိုင်ရေးအတွက် ချိတ်ဆက်  ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)