ဒေးဒရဲမြို့နယ် တညင်ကုန်းကျေးရွာတွင် စားအုန်းဆီရောင်းချမှုအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

    ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့၊ နေ့လယ်(၁၆:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်  တညင်ကုန်းကျေးရွာရှိ ပြည်သူများအား လက်လီဈေးကားဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်(၄၆၀၀)  ကျပ်နှုန်းဖြင့် ရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

      ဒေးဒရဲမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ဒေးဒရဲမြို့နယ် တညင်ကုန်း  ကျေးရွာပြည်သူများအား စားအုန်းဆီရည်ညွှန်းဈေး ၁ပိဿာလျှင်(၄၆၀၀)ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း လူဦးရေ( ၂၂၀ )ဦးအား ဆီပိဿာချိန်(၁၁၀)ပိဿာ ဖြန့်ဖြူးရောင်းချခဲ့မှုအပေါ် ဈေးကွက်စောင့်ကြည့်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)