စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ရွှေဘိုခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ရွှေဘိုမြို့ရှိ ဆီကုန်သည်(၃)ဦးမှ (၁.၉.၂၀၂၃)ရက်နေ့မှ (၄.၉.၂၀၂၃)ရက်နေ့ထိ စားအုန်းဆီများကို ရောင်းချပေးလျက်ရှိပါသည်။
ရောင်းချရာ၌ စားအုန်းဆီတစ်ပိဿာလျှင် (၄၈၀ဝိ/-)ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးလျက်ရှိကြောင်း၊ ဆီကုန်သည်များ၏ ဆိုင်အသီးသီးရှေ့တွင် ရောင်းချလျက် ရှိရာ ပြည်သူများမှ အလှည့်ကျစီတန်း၍ ဝယ်ယူကြကြောင်း၊ ဆက်လက်၍လည်း ရည်ညွှန်းဈေးဖြင့် ရရှိသည့်အပေါ်မူတည်၍ ရောင်းချပေးမည့်အစီအစဉ်များရှိကြောင်း ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်းမှသိရှိရပြီး စားသုံးသူရေးရာဦးစီဌာနအနေဖြင့် စားအုန်းဆီရောက်ရှိမှု၊ လက်လီ/လက်ကား ရောင်းချမှုနှင့် လက်ကျန်အခြေအနေများ စာရင်းပြုစုတင်ပြသည့်အပြင် လိုအပ်သည့်ညှိနှိုင်း ချိတ်ဆက်မှုများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)