![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13.1_0.jpg?itok=M5rAprlz)
တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံညာအလယ်တန်းကျောင်း(ခွဲ)၊ ထီးလှိုင်ရှိ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းက ယင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးစောသန်းထိုက်ကျော်က စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူရေးရာဦးစီး ဌာနက စားသုံးသူများနစ်နာဆုံးရှုံးမှုမဖြစ်စေရေး ဆောင်ရွက်နေမှုများ၊ ကုန်စည်များဝယ်ယူရာတွင် သိထားသင့်သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကုန်အညွှန်းအမှတ်အသား၏ အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ဟောပြောခဲ့ ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးက ကျောင်းသားလူငယ်များနှင့်အားကစားကဏ္ဍကိုလည်းကောင်း ဟောပြောခဲ့ကြပါသည်။
ဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ ၁၅၆ ဦးတက်ရောက်ကြောင်းနှင့် ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးစောသန်းထိုက်ကျော်သည် ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချသောမုန့်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)