တောင်ငူမြို့တွင် အခြေခံစားကုန်အချို့ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်း

Powered by Drupal

      တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်၊ ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၂၀၀ ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၁၀၀၀၀ ကျပ်၊ အလတ် ၁၁၅၀၀ ကျပ်နှင့် အကြီး ၁၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၉၀၀၀ ကျပ်နှင့် အကြီး ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းပြီး တရုတ် ကြက်သွန်ဖြူ ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၀၀၀ ကျပ်၊ အကြီး ၃၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ပြန်လည်ကျဆင်းပြီး တရုတ်အာလူး ၃၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ငရုတ်သီးခြောက် အပုမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိရှိရာမှ ယခုအပတ်တွင် တစ်ပိသာလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင်  တစ်ပိသာလျှင် ၁၆၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ငရုတ်သီးခြောက် အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည် ငြိမ်နေပါသည်။

     မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ (အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၈၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ခဲ့ပါသည်။ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၈၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)