ကရင်ပြည်နယ်၏ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း (မူကြမ်း)ရေးဆွဲခြင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Powered by Drupal

       ကရင်ပြည်နယ်၏ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း(မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆.၁၁.၂၀၂၁) ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုူစီမံကိန်း (မူကြမ်း)နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ကရင်ပြည်နယ်စီမံကိန်းရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဝေက (၅)နှစ် စီမံကိန်း မူဘောင်(မူကြမ်း)ရေးဆွဲလျက်ရှိသည့် အခြေအနေနှင့်ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ (၅)နှစ်အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဦးတည်လုပ်ငန်းများ၊ ပြည်နယ်၏ ဒေသန္တရဖွံ့ဖြိုးမှု (၅)နှစ်စီမံကိန်း(မူကြမ်း)၊ စီမံကိန်းအကောင်အထည်ဖော်ရာ၌ အခြေခံဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ တိုးတက်မှုနှုန်း ရည်မှန်းချက်များ၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ အထောက် အကူပြုလုပ်ငန်းများတွင်ပါဝင်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဌာန အလိုက်ပါဝင်ဆောင်ရွက်ကြရမည့်အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့ကြကာ အစည်းအဝေး သို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လိုအပ်သည်များ ပေါင်းစပ်အကြံပြုဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြေားကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကရင်ပြည်နယ်