![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13.15_0.jpg?itok=dQI1B3Vz)
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ၊ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့၊ နေ့လယ် (၁၂ : ၀၀) အချိန်တွင် အုတ်ဖိုမြို့အခြေခံပညာအထက်တန်းကျောင်းအမှတ် ( ၁ )တွင် ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးတန်းအား သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် အုတ်ဖိုမြို့ အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ ၊ ကျောင်းကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းမုန့် ဈေးတန်းကိုသန့်ရှင်းသပ်ရပ်ရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကိုက်ညီမှုမရှိသည့် ကုန်စည်များ ထုတ်လုပ်ဖြန့်ချီရောင်းချသူ ဈေးသည် (၁၁) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ၊ အခန်း(၁၈) ပါ ပုဒ်မ ၄၃ အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဥ်းသည့် ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းမရှိသော ကုန်စည်များ ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်းနှင့် ပြစ်မှု/ ပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
DOCA(ပဲခူး)