ကမ္ဘောဒီးယားနိုင်ငံ၊ စားသုံးသူကာကွယ်ရေး ယှဉ်ပြိုင်မှုနှင့်လိမ်လည်မှုတိုက်ဖျက်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် တွေ့ဆုံခဲ့ခြင်း

Powered by Drupal

   ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ Virtual စနစ်ဖြင့် စားသုံးသူတိုင်ကြားမှုစနစ်တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သူ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ စားသုံးသူကာကွယ်ရေး ယှဉ်ပြိုင်မှုနှင့် လိမ်လည်မှုတိုက်ဖျက်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ Mr. PENN Virakoudom ဦးဆောင်၍ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဘက်မှ ဒေါက်တာမိုးမိုးသွယ်နှင့် ကမ္ဘောဒီးယားနိုင်ငံဘက်မှ Mr. PENN Virakoudom တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ဒေါက်တာမျိုးမျိုးထိုက်၊ ခေတ္တညွှန်ကြား ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနက မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေါ်ဝင်းစုခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာ ဦးစီးဌာနက မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဖြေရှင်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စားသုံးသူကာကွယ်ရေးယှဉ်ပြိုင်မှုနှင့် လိမ်လည်မှုတိုက်ဖျက်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့နိုင်ငံအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။  ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှေ့ဆက်လက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး လုပ်ငန်းများအပါအဝင် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။