ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ (၂/၂၀၂၃-၂၀၂၄) အစည်းအဝေးကျင်းပပြုလုပ်

Powered by Drupal

    ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ( ၂/၂၀၂၃-၂၀၂၄) အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊ သောကြာနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်နှင့် ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး၊ကျိုင်းတုံ)နှင့် ခရိုင်ဦးစီးမှူးရုံးများဖြစ်ကြသော(တောင် ကြီး၊ ကလော၊ လွိုင်လင်၊ တာချီလိတ်၊ ကျောက်မဲ၊ မူဆယ် ) များမှလည်း Virtual ဖြင့်‌ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

    အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိမ်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးတင့်လွင်ဦးက (၁/၂၀၂၃-၂၀၂၄) ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များအား ရှင်းလင်းပြောကြားခြင်းနှင့် (၂/၂၀၂၃-၂၀၂၄)အမှာစာ(၆)စောင်အား ဖတ်ကြားရှင်းလင်း တင်ပြခဲ့မှုအပေါ် ကော်မတီအဖွဲ့ဝင်များက အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြုံပြုခြင်း၊ ဆွေး နွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)