စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း

Powered by Drupal

    လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် စားသုံးရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)မှ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဒုတိယဦးစီးမှူး ဦးထန်ဘူးလေတို့သည် ၄-၉-၂၀၂၃ ရက်နေ့တွင် စားသုံးဆီလုပ်ငန်းရှင်  ကိုအောင်အောင်မိုး (အောင်ပန်းမြို့)၊  အမှတ် (၁) ရပ်ကွက်၊ အောင်ပန်းမြို့၊ကလောမြို့နယ်တွင် ဆီ (၁)ပိဿာလျှင် (၄၇၀၀)ကျပ်ဖြင့် စားသုံးသူပြည်သူများသို့ တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)