မော်လမြိုင်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၃၀.၁၁.၂၀၂၁ ရက်နေ့တွင် မော်လမြိုင်ခရိုင်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော PT Power စက်သုံးဆီ အရောင်းဆိုင်၊ မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်၊ Denko စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် အဆိုပါ ဆိုင်များမှာ နိုင်ငံတော်က ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများအပေါ် သက်သာသောဈေးနှုန်း ဖြင့် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိနှင့် ၂၀ လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးပြီး အချိန်အတွယ်မှန်ကန်မှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်(DOCA)