![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/14.3_1.jpg?itok=tCprPvva)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဉီးစွာ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း(စေတနာအဖွဲ့)အမှုဆောင်ဒါရိုက်တာ ဉီးတင်လေးက ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်အား ဒုတိယ မြို့နယ်ပညာရေးမှူး ဉီးအောင်မိုးထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပညာရေးငွေပဒေသာပင် ငွေကျပ်သိန်း(၁၂၀)အား ဂျပန်နိုင်ငံနိပွန် ဖောင်ဒေးရှင်း(စေတနာအဖွဲ့) အမှုဆောင်ဒါရိုက်တာ ဉီးတင်လေးက ကျောင်းကော်မတီ ဥက္က္ဌဌထံ ပေးအပ်ခဲ့ကာ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျေးရွာနေပြည်သူတို့မှ ကျေးဇူးတင်စကား အသီးသီးပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကျောင်းဆောင်သစ်ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း(စေတနာရှင်အဖွဲ့)တို့မှ ပံ့ပိုးငွေကျပ်(၁၂၅.၁၂)သိန်း၊ စုစုပေါင်း တန်ဖိုးငွေကျပ်(၈၃၃.၀၂၃) သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းဆောင်မှာ အလျား ပေ၉၀၊ အနံပေ၃၀ အရွယ်အစား တစ်ထပ်အုပ်ညှပ်၊ သွပ်မိုး၊ အင်္ဂတေကြမ်းခင်း ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)