သီပေါမြို့၊ အလယ်တန်းကျောင်း(ခွဲ) ၌ အသိပညာပေးဆွေးနွေးမှု ဆောင်ရွက်

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ်၊အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဩဂုတ်လပထမအပတ်၌ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်ဘေး/စီမံဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်လင်းလင်းထွန်းက စားသုံးသူများသိရှိရမည့် အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သတိပြုကြည့်ရှုဝယ်ယူရမည့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာနှင့် ရွေးချယ်ဝယ်ယူသုံးစွဲရမည့် ကုန်စည်များ၊ တရားမဝင်လုံခြုံစိတ်ချရမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲပါက ဖြစ်ပေါ်လာနိုင်သည့် နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တင်ပြတိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် တိုင်ကြားနိုင်ပြီး mobile application ဖြစ်သော DOCA Myanmar App တွင်တိုင်ကြားနိုင်၍ Consumer Call Center နံပါတ်(၁၅၃၅) သို့လည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မိတ်ဖက်ဌာနများမှလည်း မိမိတို့ဌာနအလိုက် အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၄)ဦး၊ ကျောင်းသား/သူ (၁၆၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများမှလည်း သိရှိလိုသည်များ အပြန်အလှန် မေးမြန်း မှုအပေါ်ပြန်လည်ဖြေကြားခဲ့ပြီးနောက် ကျောင်းရှိမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)