ဗန်းမော်မြို့၌ သက်သာဈေးဖွင့်လှစ်၍ စားသောက်ကုန်ပစ္စည်းများ ရောင်းချ

Powered by Drupal

  ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ အခြေခံစားသောက်ကုန်ပစ္စည်းများအား  ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ဗန်းမော်မြို့နယ် သက်သာဈေး ဖွင့်လှစ်ရောင်းချနိုင်ရေးကော်မတီဖွဲ့စည်း၍ မြို့နယ်အတွင်းရှိ ဆန်ကုန်သည်၊ ဆီကုန်သည်များနှင့်ညှိနှိုင်းဆောင်ရွက်ပြီး ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်(ယခင်အခွန်လွတ် စျေးဟောင်း)နေရာတွင် ဆန်၊စားသုံးဆီ၊သားငါး၊ဟင်းသီးဟင်းရွက်များအား ၂၀၂၃ခုနှစ်၊ စက်တင်ဘာ၈ရက်နေ့၊ နံနက်(၆:၀၀)နာရီမှ(၉:၀၀)နာရီအထိ ပြင်ပပေါက်စျေးထက်  သက်သာသောစျေးနှုန်းများဖြင့်  သက်သာစျေး ဖွင့်‌လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။

   သက်သာစျေးနှုန်းဖြင့်ရောင်းချခြင်းကို တစ်ပတ်လျှင် (အင်္ဂါ၊သောကြာ)နေ့များ၌ ဆက်လက်ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါသက်သာစျေးဖွင့်လှစ်ရောင်းချရာနေရာသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များလာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

   ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် စတင်ရောင်းချပေးခဲ့ရာ ဝယ်ယူသူများပြား လျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(ကချင်)