ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပါ ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ မလော့ အ.ထ.က(ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးရန်မသင့်သောအစားအစာများအကြောင်း ၊ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ဈေးကွက်ရောက်ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများနစ်နာဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သောစင်တာများ ဖွင့်လှစ်ထားရှိကြောင်း၊ Call Center 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ ဆရာ/ဆရာမ(၁၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၃၅၀)ဦး၊ စုစုပေါင်း(၃၆၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)