ပြည်နယ်ဦးစီးမှူးမှ မြို့နယ်တာဝန်ခံများအား Virtual စနစ်ဖြင့် အစည်းအဝေးပြုလုပ်

Powered by Drupal

     ၈.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မြို့နယ်များတွင် စားအုန်းဆီများ ဖြန့်ခွဲရောင်းချမည့် အစီအစဉ်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို မြို့နယ် တာဝန်ခံများနှင့် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

   အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးက မြို့နယ်တာဝန်ခံများအား ညွှန်ကြားရာတွင် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၊ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းထားမှုအခြေအနေ၊ အခြေခံစားကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် ကော်မတီနှင့်အတူလိုက်ပါ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်အသင်းမှ မွန်ပြည်နယ်အတွက် ခွဲဝေရရှိသည့် စားအုန်းဆီများကို ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှတစ်ဆင့် မြို့နယ်အလိုက် စားအုန်းဆီများ ဖြန့်ခွဲရောင်းချမည့် အစီအစဉ်များ၊ မြို့နယ်များတွင် စားအုန်းဆီများ ရောင်းချရာတွင်   မြို့နယ် တာဝန်ခံများအနေဖြင့် မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာ၌ စားအုန်းဆီဈေးနှုန်းများကို စားသုံးသူများသို့ ရောင်းချရာတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)