ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးတို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

      အဆိုပါ ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်ရေးဆိုင်တွင် တရားမဝင်တင်သွင်းသော ဆေးဝါးများ၊  သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် တရားဝင်တင်သွင်းသောဆေးဝါးနှင့် တရားမဝင်တင်သွင်းသောဆေးဝါးများကို သေချာစွာခွဲခြားသိရှိခြင်းအားဖြင့် ကုန်သည်ကြီးများနှင့် ဝယ်ယူသုံးစွဲသူများ၏ အကျိုးထိခိုက်နစ်နာခြင်းများမရှိစေရန်နှင့် သတိပြုနိုင်စေရန် တရားမဝင်ဆေးဝါးအမှတ်တံဆိပ်(၅)မျိုး၏  ကွာခြားချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး(သောက်ဆေးနှင့်လိမ်းဆေး)များ၊ ကျန်းမာရေးအထာက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွန်းအမှတ်အသားအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တရားမဝင်ဆေးဝါးများ စာရင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)