![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/18.7_0.jpg?itok=aJZG-EI7)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၇.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ ဆေးဆိုင်များအား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်ရာဇာဖြိုး ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ ကျွန်းလှမြို့မစခန်းမှ ဒုရဲအုပ်ယုဝေမင်းနှင့် တပ်သားတစ်ဦး ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ဥယျာဉ်မှူး ဦးသိန်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံဒေါ်ဝေဝေအောင်တို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက် ခဲ့ပါသည်။
အဆိုပါ ဆေးဆိုင်များတွင် ရောင်းချသည့် ဆေးပစ္စည်းများအား ထုတ်ကုန် လုံခြုံ စိတ်ချရမှု ရှိ/ မရှိ ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိသည့် ဆေးပစ္စည်းများကိုသာတွေ့ရှိရကာ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ကိုက်ညီမှုရှိပြီး သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှုမရှိသော်လည်း ရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိရောင်းချသည့် ဆေးပစ္စည်းများအပေါ် တာဝန်ရှိမှုကို နားလည်သိရှိစေရန် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ ဆေးနှင့်ဆေးပစ္စည်းများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချကြရန် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ အတည်ပြုချက် ရယူနိုင်ရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ အခမဲ့ကူညီ ဆောင်ရွက်ပေးနေပါကြောင်း ၊ ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် လိုက်နာရမည့်အချက်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ပေးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)