ဟင်္သာတခရိုင်အတွင်း လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ် တာဝန်ခံသည် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စု အိုးဘိုကျေးရွာရှိ အိုးလုပ်ငန်းရှင်များနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များနှင့်လည်းကောင်းတွေ့ဆုံ၍ စားသုံးသူတို့၏အခွင့်အရေးများအပြည့်အဝရရှိစေရန်နှင့် စားသုံးသူအကျိုးစီးပွားထိခိုက်နစ်နာမှုများကို ကာကွယ်ရန်အတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။ ထို့အပြင် ဈေးကွက်အတွင်းရောင်းချလျက်ရှိသော မုန့်မျိုးစုံလုပ်ငန်းများအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကိုက်ညီမှုရှိစေရေးအတွက် မြန်အောင်မြို့နယ် နေခြည်ဈေးရှိ မုန့်အရောင်းဆိုင် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)