ဟင်္သာတခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မြန်အောင်မြို့နယ် နေခြည်ဈေးနှင့် အင်္ဂပူမြို့နယ် ဗိုလ်အောင်ကျော်ဈေးရှိ ကုန်စုံဆိုင်များနှင့်ဈေးများတွင်ရှောင်တခင်စစ်ဆေးမှုများကို စားသုံးသူရေးရာဦးစီးဌာနမှ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းမရှိပါက ရောင်းချမှုမပြုရေး၊ ဥပဒေ ၊ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြပြီးမှသာ ဖြန့်ဖြူးရောင်းချခြင်း ဆောင်ရွက်ရေး အသိပညာပေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ မြို့နယ်များအတွင်းရှိ ဆေးဆိုင်များ၌ ဈေးနှုန်း၊ ဆေးလက်ကျန်အခြေအနေများ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်းမပြုရန်၊ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချရာတွင် သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ် ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)