မိတ္ထီလာကြက်သွန်နီဈေးကွက်

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာကြက်သွန်နီဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော   ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် (၂၅၀၀-၃၀၀၀)ဈေးနှုန်းများဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်မှ ကြက်သွန်နီကို ရန်ကုန်၊ ပဲခူးဈေးကွက်များသို့ ပုံမှန်တင်ပို့နေပြီး မြဝတီ၊ မူဆယ်နယ်စပ်အဝယ်များရှိသည့်အခါ ရောင်းအားပိုသကဲ့သို့ ဈေးကောင်းရလေ့ရှိပါသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကြက်သွန်နီမှာ နယ်စပ်ဝယ်လက်များအဝယ်နည်းခြင်း၊ မိုးရွာ သွန်းမှုများခြင်းတို့ကြောင့် တင်ပို့မှုလျော့ကျရာ ရန်ကုန်သို့ (၁၂) ဘီးကား (၂-၃) စီးကို အခြားကုန်များ နှင့်ရော၍ လည်းကောင်း၊ ပဲခူးသို့ (၆) ဘီးကား တစ်ရက်လျှင် တစ်စီးမှာလည်း အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့ကြောင်းသိရသည်။ ကုန်တင်ခအနေနှင့် မိတ္ထီလာ-ရန်ကုန်မှာ သြဂုတ်လမှစ၍ မြင့်တက်ခဲ့သဖြင့် တစ်ပိဿာ (၁၂၀) ကျပ်၊ မိတ္ထီလာ-ပဲခူးမှာ စျေးနှုန်းပြောင်းလဲမှုမရှိဘဲ တစ်ပိဿာ (၁၀၀) ကျပ် စျေးရှိပါသည်။

       ကြက်သွန်နီစျေးကျဆင်းရခြင်းမှာ ပုံမှန်ဝယ်လက်မှ အဝယ်နည်းခြင်း၊ ရာသီဥတုအပေါ်အမှီပြုခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။

DOCA(မန္တလေး)