GAP/GHP Training တောင်သူသင်တန်းပို့ချ

Powered by Drupal

        EU နိုင်ငံများသို့ Beans Sprouting အတွက် မြန်မာပဲများတင်ပို့ရာတွင် EU နိုင်ငံမှ သတ်မှတ်ချက် စံချိန်စံညွှန်း အရည်အသွေးများ ကိုက်ညီစေရေးနှင့် သီးနှံအရည်အသွေးမြင့်မားရေးတို့အတွက် စိုက်ပျိုးရန် ရည်ရွယ်၍ ၁၉.၁၁.၂၀၂၁ ရက်နေ့ ၊ နံနက် ( ၉ : ၀၀) နာရီအချိန်တွင် ပဲခူးခရိုင် ၊ ကဝမြို့နယ် ၊ အုန်းနှဲကျေးရွာ ၊ ဇေဇေမင်္ဂလာခန်းမ၌ GAP /GHP Training တောင်သူပညာပေး သင်တန်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပဲခူးခရိုင်ဦးစီးမှူး ၊ ကဝမြို့နယ်အတွင်းရှိ ပဲစိုက်ပျိုးထုတ်လုပ်သူ တောင်သူ (၅၀) ဦး တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် (၂)ဦးက နည်းပညာပေး သင်တန်းပို့ချခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်၍ တောင်သူ ပညာပေး သင်တန်းအားအောင်မြင်စွာ ကျင်းပခဲ့ပါသည်။

          အဆိုပါ တောင်သူပညာပေးသင်တန်းသည် EU နိုင်ငံများသို့ Beans sprouting အတွက် မြန်မာပဲများ တင်ပို့နိုင်ရန် တောင်သူများအား GAP/ GHP Training သင်တန်းပို့ချရာတွင် ပိုးသတ်ဆေးစနစ်တကျ သုံးစွဲမှုနည်းပညာပေးပို့ချမှုကို စိုက်ပျိုးရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် ဒေါ်နီနီဆိုင်ကလည်းကောင်း၊ ပိုးသတ်ဆေးများကို အန္တရာယ် ကင်းရှင်းအောင် ကိုင်တွယ် အသုံးပြုခြင်း အကြောင်းအရာများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်ခင်ဆွေမြင့်က လည်းကောင်း ပဲစိုက် တောင်သူများကို အသိပညာပေးသင်တန်းပို့ချခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)