မြင်းခြံမြို့နယ်တွင် စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် သက်သာဈေးအရောင်းဆိုင်ဖြင့် ရောင်းချပေး

Powered by Drupal

    မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ရှိ မြို့မစည်ပင်သာယာဈေးအတွင်း၌ ၂၀၂၃ ခုနှစ် စက်တင်ဘာလဒုတိယပတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံကုန်စည် ဒိုင်တို့ပူးပေါင်း၍ စားသုံးသူပြည်သူများအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖြင့်(တတိယအကြိမ်မြောက်) ရောင်းချပေးခဲ့ ပါသည်။

      အဆိုပါအရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင်(၃၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၂၃၀)ကျပ်၊ ဆိတ်သား(အသားသန့်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ အရိုးနှင့်အသားပါတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကလီစာတစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အရိုးအကြမ်း တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ဝက်သား(သုံးထပ်သား)တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ အရိုးနှင့် အသားတွဲလျက်တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ကလီစာ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အရိုးကြမ်း တစ်ပိဿာလျှင်(၄၀၀၀) ကျပ်၊ အမဲသား(အသားသန့်) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အရိုးနှင့်အသားတွဲလျက်တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ကလီစာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အရိုးတစ်ပိဿာလျှင်(၄၀၀၀)ကျပ် နှုန်းများဖြင့် ရောင်းချပေးခဲ့ပါသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း (မြင်းခြံ)မှလည်း စားသုံးသူ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေးအတွက် စားအုန်းဆီတစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)