ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ စားသုံးသူရေးရာတာဝန်ခံရုံးတွင် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်( ၁၈ )ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏တာဝန်များကို လိုက်နာကြရန်၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်၍ ရောင်းချမှုမပြုကြရန် တားမြစ်ထားသောကုန်စည်များ ရောင်းချခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များကို လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားအုန်းဆီရောင်းချမှုကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးအသိပညာပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)