မအူပင်ခရိုင် ဦးစီးမှုးရုံးတွင် ဝန်ထမ်းစွမ်းဆောင်ရည်သင်တန်း ဖွင့်လှစ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို မအူပင်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၁.၉. ၂၀၂၃) ရက်မှ (၁၂.၉.၂၀၂၃) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ နေ့လယ်(၁၄:၀၀)နာရီအထိ (၂)ရက်တာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါသည်။

     အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်း (လက်ထောက်ညွှန်ကြားရေးမှူး)က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားစေရေးနှင့် ရုံးလုပ်ငန်း ဆိုင်ရာအခြေခံလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ် (၂၀၂၂)ခုနှစ် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်အတိုင်း သိရှိလိုက်နာ ကျင့်သုံးတတ်ရန်၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းမှာ ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်စေရန်ဖြစ်ပြီး သင်တန်းတွင် ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမှာ ဖြစ် ကြောင်း၊ မိမိကိုယ်ကိုတိုးတက်အောင် တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် သင်ယူကြရန်လိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဌာနမှ ဦးဇော်မင်း(ခရိုင်ဦးစီးမှူး)က စီမံရေးရာဌာနခွဲဘာသာရပ်နှင့် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)မှ စားသုံးသူရေးရာဌာနခွဲနှင့်၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊ ဦးဝင်းမင်းစိုး(ဦးစီးအရာရှိ)မှ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊  ဦးအောင်လွင် (ရုံးအုပ်)မှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲဘာသာရပ်ကိုလည်းကောင်း၊ ဦးမိုးနိုင်(ရုံးအုပ်) ငွေစာရင်းဌာနခွဲ ဘာသာရပ်ကိုလည်းကောင်း သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားခဲ့ကြပြီး သင်တန်းသား ဦးရေစုစုပေါင်း(၁၁)ဦးတက်ရောက်ခဲ့ကြပါသည်။

DOCA(ဧရာဝတီ)