ပြည်ခရိုင်အတွင်းစားအုန်းဆီ‌ဈေးနှုန်းအနည်းငယ်ကျဆင်းလာ

Powered by Drupal

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်စားအုန်းဆီဈေးနှုန်းမှာ ယခင်ကာလများက အများဆုံးဈေးမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ထိသာရှိခဲ့‌သော်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ၄၃၀၀-၄၄၀၀ ကျပ်ရှိခဲ့ပြီး စက်တင်ဘာ တတိယပတ်တွင်တစ်ပိဿာလျှင် ၄၄၀၀-၄၆၀၀ ကျပ်မှ အောက်တိုဘာလ ပထမပတ်တွင် ၅၀၀၀-၅၁၀၀ ကျပ်အထိဈေးမြင့်တက်လာခဲ့ပါသည်။ စားအုန်းဆီများ ဝင်ရောက်မှု့ နည်းလာခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးမြင့် လာခြင်းတို့ကြောင့် စားအုန်းဆီဈေးမှာ တစ်ပတ်ထက် တစ်ပတ်ဈေးမြင့် တက်လာခဲ့ပါသည်။ စားအုန်းဆီဈေး များမြင့်တက် လာခြင်းကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံ ဆီကုန်သည် ကြီးများ အသင်းတို့မှ ပူးပေါင်း၍ COVID-၁၉ ကာလ အတွင်းစားသုံးသူပြည်သူ များသို့ စားအုန်းဆီများကို  သက်သာသော ဈေးနှုန်းတစ်ခုဖြင့် ရောင်းချပေးနိုင်ရေး   စီစဉ်ဆောင်ရွက်ခဲ့ရာ  ပြည်ခရိုင်ဆီကုန်သည် များအသင်းမှ တစ်ပိဿာလျှင် ၃၈၅၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ပါသည်။ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များသို့ ပထမ အကြိမ် တွင် ၃၃၀၀၀ ပိဿာ၊  ဒုတိယ အကြိမ်တွင် ၁၉၂၅၀ ပိဿာ၊ တတိယအကြိမ်တွင် ၂၇၅၀၀ ပိဿာ၊စတုတ္ထအကြိမ်တွင် ၂၇၅၀၀ ပိဿာ၊ပဉ္စမအကြိမ်တွင် ၂၂၀၀၀ ပိဿာနှင့်ဆဌမ အကြိမ်တွင် ၂၂၀၀၀ ပိဿာ ဖြင့်စုစုပေါင်းစားအုန်းဆီပိဿာချိန် ၁၅၁၂၅၀ ပိဿာရောင်းချ ‌ပေးခဲ့ပါသည်။

         ယခုအခါ ပြည်ခရိုင်အတွင်း သက်သာ သောဈေးနှုန်းတစ်ခုဖြင့် စားအုန်းဆီများကိုရောင်း ချပေးခဲ့ခြင်းကြောင့် ယခု နိုဝင်ဘာလ ဒုတိယပတ်မှ စ၍ စားအုန်းဆီတစ်ပိဿာလျှင် ၄၆၀၀-၄၇၀၀ ကျပ်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)