ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ စက်တင်ဘာလ ဒုတိယအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလား နယ်စပ်လမ်းကြောင်းမှ သွင်းကုန်များအနေဖြင့် အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်၍ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၃)သန်းဖြစ်ပြီး ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်း သိရှိရပါသည်။ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၀၁၃) သန်း  ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၄)သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၁၃)သန်း လျော့နည်းသွားကြောင်း သိရှိရပါသည်။

    တာချီလိတ်နယ်စပ်လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ စာရွက်အပိုင်းအစ၊ ကြက်သွန်နီ၊ ရော်ဘာ၊ ဆေးရွက်ကြီး၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၅၁၃)သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၆၂၂)သန်း ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၆၆၃)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၆)သန်း ပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၅၇)သန်း တင်သွင်းမှု တိုးလာသောကြောင့် ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ(၀.၆၆၃)သန်း တိုးလာကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)