စပျစ်သီးနှင့် ကျန်းမာရေး

Powered by Drupal

    စပျစ်သီးသည် လူကြိုက်များသည့် အသီးတစ်မျိုးဖြစ်ပြီး အရောင်အသွေး၊ အနံ့၊ အရသာနှင့်လည်းပြည့်စုံသည်။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်၊ အစိမ်းရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိပါသည်။ အရသာကောင်းသကဲ့သို့ ဆေးဖက်လည်းဝင်ပါသည်။

    စပျစ်သီးတွင် ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ သီရာမင်း၊ Riboflavin၊ ဗီတာမင် B6၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိ စသည့် အာဟာရ ၁၃မျိုးပါဝင်ပြီး ကင်ဆာကာကွယ်ပေးခြင်း၊ နှလုံးကိုကျန်းမာစေခြင်း၊ သွေးပေါင်ကျ စေခြင်း၊ ဝမ်းမှန်စေခြင်း၊ ဓာတ်မတည့်မှုကိုသက်သာစေခြင်း၊ မျက်လုံးကိုကျန်းမာစေခြင်း၊ ဝက်ခြံမပေါက်စေခြင်း စသည့်ကျန်းမာရေးကို အထောက်အကူပြုပါသည်။

    စပျစ်သီးအစေ့သည် ဆီးချိုရောဂါကြောင့်ဖြစ်သော အမြင်အာရုံပြဿနာကိုလည်းကာကွယ်ပေးပါသည်။ စပျစ်ဝိုင်ကြိုက်သူများအတွက် အရောင်ရင့်ရင့်ကို ရွေးချယ်သောက်သုံးခြင်းဖြင့် သွေးကျဲစေနိုင်ပါသည်။ တောင်ငူမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီးတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် လူကြိုက်များ၍ ရောင်းအားကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)