ပြည်ကတွက်သီးဈေးကွက်

Powered by Drupal

   ကတွက်ပင်သည် ညောင်ပင်မျိုးနွယ်ပင်ဖြစ်ပြီး အခေါက်၊ အရွက်၊ အသီးနှင့်တကွ တစ်ပင်လုံးတွင် အမွေးနုများရှိပြီး အသီးမှာ ဇီးဖြူသီးအရွယ်ခန့်ရှိ၍ အရောင်မှာ အစိမ်းရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အဝါရောင်၊ နီညိုရောင်၊ အမဲရောင်ဟူ၍ အရောင်မျိုးစုံရှိပါသည်။ မြန်မာနိုင်ငံရှိ သစ်တောတိုင်းတွင် ကတွက်ပင်များတွေ့ရ၍ မြန်မာနိုင်ငံအောက်ပိုင်း၌ အများဆုံးတွေ့ရသည်။ ကတွက်သီးကို သဖန်းသီးဟူ၍လည်းခေါ်ကြပါသည်။ ကတွက်သီး၏ ထူးခြားချက်မှာ ကတွက်ပန်းပွင့်သည် ကတွက်သီး၏ အတွင်းထဲတွင်ရှိပါသည်။အသီးပျော့၍ အခွံပါးပြီး ကတွက်သီးမှည့်ကို အသီးအတိုင်းသော်လည်းကောင်း၊ ထန်းညှက်ဖြင့် ယိုထိုး၍လည်းကောင်း စားသုံးကြပါသည်။ ကတွက်သီးကိုစားသုံးခြင်းဖြင့် ဝမ်းချုပ်မှုကာကွယ်ပေးသည်။ ကင်ဆာတိုက်ဖျက်ပေးနိုင်သည်။ သကြားဓာတ်လျော့နည်းစေ၍ ဆီးချိုသမားများအတွက် ဆီးချိုကိုထိန်းချုပ်ပေးနိုင်ပါသည်။ သွေးတိုးကိုလည်းကာကွယ်ပေးသည်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေသည်။ ကတွတ်သီးကို အလွန်အကျွံစားသုံးမည်ဆိုလျှင် အစာအိမ်နာများဖြစ်တတ်ပါသည်။ အသည်းကိုထိခိုက်စေသည်။ သွေးတွင်းသကြားဓာတ်နည်းသူများအနေဖြင့် စားသုံးရန်မသင့်ပါ။ ပြည်မြို့တွင် ကတွတ်သီး အလုံး (၁၀၀) လျှင် ၁၅၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်၊ သဲကုန်းဘက်တို့မှ လာရောက်ရောင်းချလေ့ရှိကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)