ပြည်ကြက်သွန်နီများ လက်ကျန်နည်းနေ

Powered by Drupal

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) အတွင်း ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံဝင်ရောက်မှုမရှိဘဲ ယခင်ဈေးကွက်လက်ကျန်များဖြင့်သာ  ရောင်းချမှုရှိနေကြောင်းသိရပါသည်။ ယခင်ဩဂုတ်လ စတုတ္တပတ်တွင် လက်လီပျမ်းမျှဈေးနှုန်းအနေဖြင့်  ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်၄၂၀၀ခန့်ရှိခဲ့ပြီး စက်တင်ဘာလ ပထမပတ်တွင် ၃၈၀၀ကျပ်ခန့်ရှိသဖြင့် တစ်ပိဿာလျှင် ကျပ်၄၀၀ခန့် ဈေးနှုန်းကျဆင်းသွားကြောင်းသိရပါသည်။ ယခုအချိန်ကာလသည် ကြက်သွန်နီအဓိကစိုက်ပျိုးသော မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးကြက်သွန်နီများစိုက်ပျိုးချိန်ဖြစ်သဖြင့် လက်ကျန်များနည်းနေသည့်အတွက် အမှာရှိတိုင်း တင်ပို့မှုမရှိကြောင်းလည်းသိရပါသည်။ ယခင်ဈေးအမြင့်ဖြင့် ဝယ်ယူထားသည့် လက်ကားဝယ်ရောင်းသမားများက အဝယ်ပါးလျက်ရှိသဖြင့် အရောင်းအဝယ်မှာ အေးလျက်ရှိနေပါသည်။ ဈေးနှုန်းများအနေဖြင့် ပြည်ပွဲရုံများ၌ လက်ကားဈေး (ကြီး/ လက်/ သေး) တစ်ပိဿာလျှင် ကျပ် (၃၁၀၀-၃၂၀၀-၃၃၀၀-၃၄၀၀) နှုန်းတို့ရှိပြီး လက်လီဈေးအသေးများတွင် (၃၅၀၀-၃၆၀၀-၃၇၀၀-၃၈၀၀) ကျပ်နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပါကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)