![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.3_1.jpg?itok=H6WxV7tS)
၁၃.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လုပ်ငန်းလမ်းညွှန်ချက်များအပေါ် ပြန်လည်ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဦးစီးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၏ ညွှန်ကြားချက်များအား ရှင်းလင်းခဲ့ပြီး ဆက်လက်၍ ဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ သက်ဆိုင်ရာကော်မတီများတွင် ပါဝင်ဖွဲ့စည်းမှုနှင့် လိုက်ပါဆောင်ရွက်မှုအခြေအနေများ၊ ရုံးစည်းကမ်း၊ ဌာနစည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝကြရန်၊ ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦးရိုသေလေးစားကြရန်၊ စည်းစည်းလုံးလုံး လုပ်ငန်းဆောင်ရွက်ကြရန်၊ မြို့နယ်တာဝန်ခံများအနေဖြင့် ပြည်နယ်ဦးစီးမှူးရုံး၏ အထက်ဌာန၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေကိုသိရှိပြီး လိုက်ပါဆောင်ရွက်ကြရန်၊ ဌာန၏ website ကိုလည်း ဝင်ရောက်ကြည့်ရှုကြရန်၊ ဌာန၏ ပင်မလုပ်ငန်းအပြင် အခြားဆက်စပ်တာဝန်များကိုလည်း ထမ်းဆောင်နေရသဖြင့် ဝန်ထမ်းများအနေဖြင့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ဌာနခွဲတာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက်၊ အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးက ဝန်ကြီးဌာနက အရာထမ်းစံပြထူးချွန်ဆု၊ အမှုထမ်းစံပြထူးချွန်ဆု၊ ဌာနခွဲ/တိုင်းဒေသကြီးရုံး စံပြဆု၊ စည်းကမ်းအကောင်းဆုံးဆု၊ အသန့်ရှင်းဆုများကို ချီးမြှင့်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)