ပြည်ဈေးကွက်တွင် ရာသီစာ ကိုင်းဥရောင်းချလျက်ရှိ

Powered by Drupal

    ကိုင်းပင်သည် မြက်မျိုးဖြစ်ပြီး အမြစ်မှအကိုင်းအခက်များထွက်ပါသည်။ အရိုးမှာ ၆ပေမှ ပေ၂၀အထိမြင့်ပါသည်။ အရွက်သည် အလွန်ပါးပြီးရှည်၍ အပြင်ဖျား၌ ဖြူသောအပွင့်များပွင့်ပါသည်။ ကိုင်းဥသည် မြစ်နားကမ်းနားတွင်ရှိသည့်ကိုင်းပင်၌ စွဲကပ်သောမှိုတစ်မျိုးဖြစ်ပါသည်။ ကိုင်းပင်၏ ဥမဟုတ်ပါ။ ကားလမ်းဘေးကိုင်းပင်များတွင်လည်းမကပ်ပါ။ မြစ်နား၊ ကမ်းနား၌သာရရှိပါသည်။ ကိုင်းဥများကို ရေတက်ရက်တွင် လှေနှင့်လိုက်ခွရပြီး လိုသလောက်လည်း မရတတ်ပါ။ ကိုင်းဥသည် ၅ရက် (သို့) ရက်သတ္တပတ်အထားခံပါသည်။ ကိုင်းဥကို ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်ာရရှိပြီး အာဟာရပြည့်ဝ၍ ကလေးငယ်များအား ကျွေးလျှင် သန်ကောင်များ၊ တုတ်ကောင်များကိုကျစေပါသည်။ ကိုင်းဥကို နာလန်ထခါစသူများစားလျှင် အားရှိစေပြီး ကိုင်းဥတစ်လုံးလျှင် အိုဗာတင်းတစ်ခွက်မှာ ကြက်ဥ ၂လုံးနှင့် ညီမျှသည်ဟုလည်းဆိုကြပါသည်။ ကိုင်းဥကို ကင်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း စားသုံးကြပါသည်။ သွေးတိုးရောဂါရှိသူများအနေဖြင့် များများမစားသုံးသင့်ပါ။

      ကိုင်းဥဈေးကွက်၊ ဈေးနှုန်းအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၆၀၀၀ကျပ်၊ ၆၅၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)