စားသုံးသူရေးရာဦးစီးဌာန (ဘီးလင်း) နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)တို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး (Talk Show) ပြုလုပ်ဟောပြောဆွေးနွေး

Powered by Drupal

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ဘီးလင်း)ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ကြောင်း သိရပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း ဦးစီးမှူးမှ ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ဌာနမှ လက်ခံဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပြီး စားသုံးသူကာကွယ်ပေးရေး ဥပဒေအရ အရေးယူနိုင်သည့် တားမြစ်ချက်၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးပြီးနောက် ဒေါ်ဆုမြတ်ဝင်း အငယ်တန်းစာရေးမှ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် စားသုံးသူကာကွယ်ပေးရေး ဥပဒေအခန်း (၁၈) ပုဒ်မ (၄၁)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များကို ဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)