ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ “နေလ” စတိုး၊ “မြို့မ”စတိုး၊ “ဟက်ပီးဘေဘီ” ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး အရောင်းဆိုင် (၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      စစ်ဆေးခဲ့သော အရောင်းဆိုင် (၃)ဆိုင်သို့ ဖြန့်ဖြူးရောင်းချနေသော  ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် စပ်လျဉ်း၍ Golden Powerနှင့် Golden Cow ကလေးဖြည့်စွက်အာဟာရ မှုန့်ဘူးသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ စစ်ကိုင်းခရိုင်ဦးစီးမှူးက စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)