၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်) တွင် ပြည်ပဲဈေးကွက်အတွင်း လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်နေကြသောပဲများထဲတွင် ဘိုကိတ်ပဲသီးနှံလည်းပါဝင်နေခဲ့ပါသည်။ ပဲသစ်ဝင်ရောက်ခြင်းမဟုတ်ဘဲ ပဲဟောင်းလက်ကျန်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ လက်လီသမား နေ့စဉ် အိတ် ၁၅အိတ် ၂၀အိတ်ကျော်ရောင်းဝယ်မှုဖြစ်သည့်အပြင် လက်ကားသမားအနေဖြင့် အိတ်၅၀/၁၀၀ကျော်ရောင်းချမှုရှိခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့် ပိဿာ ၂၀ဝင် တစ်တင်းလျှင် ၆၉၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေခဲ့ရသည့်အတွက် လက်လီပဲဈေးကွက်မှာ ပဲနီပြား၊ ထောပတ်ပဲများနှင့်ယှဉ်လျှင် ဈေးအေးနေခဲ့သော်လည်း ယခင်နှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သောဈေးနှုန်းထက် တစ်တင်းလျှင် ကျပ်(၂)သောင်းကျော်ဈေးပိုရရှိနေခဲ့ကြောင်းသိရပါသည်။ ယခင်နှစ် စက်တင်ဘာလအတွင်း ဘိုကိတ်ပဲသီးနှံပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် ၄၃၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)