သထုံမြို့နယ်တွင် ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ၁၃.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ သထုံမြို့နယ် မြို့မဈေးတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များ ဖော်ပြထားသော အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)