သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော စက်တင်ဘာလ(တတိယအပတ်)၏ ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ကြက်သွန်နီ (ဆိပ်ဖြူ) ၁၀၀၂၀၀ ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၃၈၀၀၀ ပိဿာ ဝင်ရောက်ခဲ့ပါသည်။လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ(ဆိပ်ဖြူ) အနိမ့်ဈေးမှာ ၁၈၀၅/- ကျပ်မှ ၃၀၀၀/- ကျပ်ထိဖြစ်ခဲ့ပြီး အမြင့်ဈေးမှာ ၂၄၅၀/- ကျပ် မှ ၄၂၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၇၀၀၀/- ကျပ် မှ ၈၄၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ တတိယအပတ်အထိ ကြက်သွန်နီ (သိမ်ဖြူ) ၁၀၅၀၀ ပိဿာရောက်ခဲ့ပြီး ကြက်သွန်ဖြူ (ကြူကုတ်)မှာ ၂၉၀၀၀ ပိဿာ ဝင်ရောက်ခဲ့ပြီး လက်ကားဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ (ဆိပ်ဖြူ) ၁ ပိဿာလျှင် ၂၅၀၀/- ကျပ်မှ ၃၁၀၀/- ကျပ်ထိ ဖြစ်ပေါ်လျက်ရှိပြီး ကြက်သွန်ဖြူ (ကြူကုတ်) ၁ ပိဿာလျှင် ၇၃၀၀/- ကျပ်မှ ၇၆၀၀/- ကျပ်ထိ ဖြစ်ပေါ်ခဲ့ပါသည်။ ယခင်လဈေးနှုန်းများထက် ယခုလဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)