ပခုက္ကူခရိုင်ဦးစီးမှူးမှ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး အခမ်းအနားသို့ တက်ရောက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊  ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်သည် (၁၅.၉.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပညာရေးဒီဂရီကောလိပ်၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး”အခမ်းအနားသို့ မိတ်ဖက်ဌာနအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါအခမ်းအနားတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနအမျိုးသားအဆင့်မှပေးပို့သည့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်သည့် မှတ်သားဖွယ်ရာအထိမ်းအမှတ်ဗီဒီယိုများအားပြသခြင်း၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်သို့ စာစောင်၊ စာအုပ်များပေးအပ်ခြင်း၊ တိုးချဲ့ပညာပေးဆက်စပ်ဌာနများသို့ စာစောင်၊ စာအုပ်များပေးအပ်ခြင်း၊ ခရိုင် အဆင့်ဌာနဆိုင်ရာများသို့ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် ပခုက္ကူဒီဂရီကောလိပ်မှ ဖျော်ဖြေတင်ဆက်မှုများ  ပတ်ဝန်းကျင်ဆိုင်ရာစကားရည်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ပြီး စကားရည် ပြိုင်ပွဲဝင်များမှ အကောင်းဆုံးရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

     အခမ်းအနားသို့ ပခုက္ကူပညာရေးဒီဂရီကောလိပ်မှ ဆရာ/ဆရာမ၊ သင်တန်းသား/သင်တန်းသူများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌများ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများစသည့် မိတ်ဖက်ဆိုင်ရာ အဖွဲ့များမှ ဌာနအကြီးအကဲများတက်ရောက်ခဲ့ကြပြီး စကားရည်ပြိုင်ပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝေဠုအောင်သည် အကဲဖြတ်ဒိုင်အဖြစ် ပူးပေါင်းပါဝင်‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)