မြန်မာလူမျိုးတို့၏ မြန်မာရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါးသည် မြန်မာလူမျိုးတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးခေါက်ဆွဲသည် ဆန်ကိုအခြေခံ၍ပြုလုပ်သောဆန်ကို အချဉ်ဖောက်ပြုလုပ်သည့် ခေါက်ဆွဲမုန့်ဖတ်လေးများနှင့် ငါးဖြင့်အဓိကချက်လုပ်သော မုန့်ဟင်းခါးဟင်းရည်ခေါ် ဟင်းငါးရည်တို့ကို တခြားသော အစာပလာများနှင့်အတူ တွဲဖက်စားသုံးရသည့် သားရည်စာတစ်မျိုးဖြစ်သည်။ မုန့်ဟင်းခါးအစားအစာကို မြန်မာပြည်၏ မြန်မာရိုးရာအစားအစာအဖြစ် အသိအမှတ်ပြုကြသည်။ မုန့်ဟင်းခါးကို မြန်မာလူမျိုးများက အလွန်ကြိုက်နှစ်သက်ကြ၍ မုန့်ဟင်းခါးကိုရောင်းချကြပြီး နံနက်စာ၊ နေ့လယ်စာ ထမင်းလွတ်စားသောက်ခြင်း၊ နေ့လယ်နေ့ခင်း ညလယ်စာအဖြစ်ပါ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြပါသည်။
မုန့်ဟင်းခါးရည်ချက်ပြုတ်ရန်အတွက် ငါးပြုတ်၍ အသားအရိုးကိုခွဲခြားကာ ကုလားပဲဆန်ပြုတ်၊ ချင်း၊ စပါးလင်၊ ငရုတ်ကောင်းတို့ကို အချိုးကျစီမံချက်ပြုတ်ပြီး ရရှိလာသောမုန့်ဟင်းခါးဟင်းရည်ရရှိမှု၏ လုပ်ငန်းပမာဏမှာ ဝယ်ယူချက်ပြုတ်မှုအဆင့်များစွာရှိသဖြင့် စားကောင်းသော်လည်း ကိုယ်တိုင် အသင့်ချက်ပြုတ်စားသောက်နိုင်ရန် ဝယ်ယူသူများရှိသည်ကို လေ့လာသိရှိရကြောင်းနှင့် မုန့်ဟင်းရည်ချက်ဝါသနာအိုးများနှင့် မုန့်ဟင်းခါးကြိုက်နှစ်သက်သူများအတွက်မူ တားမရပါကြောင်းသိရှိရပါသည်။
မုန့်ဟင်းခါးကိုကြိုက်သော်လည်း မုန့်ဟင်းခါးချက်ပြုတ်ရန် အချိန်မပေးနိုင်ကြသော မြန်မာလူမျိုးများအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်နှင့်မိတ်ဆက်ပေးချင်ပါသည်။
ငါး၊ ကုလားပဲ၊ ငါးဖယ်ခြစ်၊ ချင်း၊ စပါးလင်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ မြေပဲ၊ ငံပြာရည်တို့ကို အချိုးကျပေါင်းစပ်ထားပြီး အသင့်စားအစားအစာပြုလုပ်ရန်အတွက် ခြောက်နေအောင်လုံးထားပြီး လင်ဗန်းထဲထည့်၍ ပန်ကာလေဖြင့် သင့်တော်သောအနေအထားတွင် ရိုးရိုးအိတ်မဟုတ်ဘဲ လေစုတ်အိတ်ထဲသို့ထည့်၍ အသေအချာထုပ်ပိုးထားရှိပါသည်။ စားသုံးသူများအတွက် အသေအချာထုပ်ပိုးထားသော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်၏ အညွှန်းပါအတိုင်း ရေနွေးဆူဆူတွင်ထည့်၍ လိုအပ်သလောက် မွေပေးပြီးပါက အရသာရှိသောမုန့်ဟင်းခါးဟင်းရည်တစ်ခွက်ကို အလွယ်တကူရရှိနိုင်ပြီး မုန့်ဟင်းခါးဖတ်နှင့်တွဲဖက်စားသုံးနိုင်ပါသည်။
ဇကာကြီးသူ မုန့်ဟင်းခါး ၂၀ကျပ်သားပါ တစ်ထုပ် (ကျပ်၄၀၀၀/-) ကို မုန့်ဟင်းခါးဖတ် ၄၀ကျပ်သားနှင့် ပေါင်းစပ်စားနိုင်ပြီး ၄၀ကျပ်သားပါ တစ်ထုပ်လျှင် မုန့်ဟင်းခါးဖတ် ၈၀ကျပ်သားနှင့် စားနိုင်ပြီး ၇၀ကျပ်သားပါ တစ်ထုပ်လျှင် ၁၁၀၀၀/-ကျပ်ကို မုန့်ဟင်းခါးဖတ် ၁ပိဿာလျှင် ၄၀ကျပ်သားဖြင့် စားသုံးနိုင်ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၏ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်လုပ်သည့်လုပ်ငန်းခွင်သို့သွားရောက်၍ ကွင်ဆင်းလေ့လာခဲ့ပြီး ဓနုဖြူမြို့နယ်နှင့် တခြားမြို့များတွင် ဈေးကွက်ရရှိနိုင်ရေးအတွက် အရသာနှင့် အရည်အသွေးကောင်းမွန်သော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်တွင် ကုန်အညွှန်းအမှတ်အသားဆောင်ရွက်ထားရှိမှုနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်နိုင်ရေးနည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ဇကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်လုပ်ငန်းသည် ဓနုဖြူမြို့အတွက်သာမက မအူပင်ခရိုင်မှ တိုးတက်ဖွံ့ဖြိုးလာတော့မည့်လုပ်ငန်းတစ်ခုအဖြစ် အလားအလာကောင်းများကို ဂုဏ်ယူဖွယ်တွေ့ရှိခဲ့ရပါသည်။
DOCA(ဧရာဝတီ)