ပခုက္ကူမြို့၌ စားသုံးသူအသိပညာတိုးပွားစေရေး ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၁၅.၉.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ(၁၆)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၁၆၃)ဦးတို့တက်ရောက်ခဲ့ကြပါသည်။

    ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဦးစီးမှူးဦးမြတ်မင်းက ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခုဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ကျောင်းသား/သူများအား အစားအသောက်နှင့်အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူများ၏အခွင့်အရေးနှင့် ကုန်ပစ္စည်းများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဒုဦးစီးမှူးဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏အဓိပ္ပာယ်များအကြောင်း၊ စားသုံးသူများရရှိ သည့်အခွင့်အရေးများနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ အခုလိုသိရှိမှသာ အခွင့်အရေးများကို တောင်းဆိုနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများလိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန်လိုအပ်ကြောင်းနှင့်  အငယ်တန်းစာရေး ဒေါ်ခိုင်ဇင်ကျော်က အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်း မပြုစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ဦးစီးမှူး ဦးမြတ်မင်းက ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင်၊ မိဘ၊ ဆွေမျိုးနှင့် ပတ်ဝန်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းများအား အခွင့်အရေးများ နစ်နာဆုံးရှုံး မှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ “CICC” ရုံးများသို့ တိုင်ကြားနိုင်ကြောင်း၊ ထို့အပြင် Facebook စာမျက်နှာတွင်လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင် ဖြေရှင်းဆောင်ရွက်ပေး၍မရသည့်ကိစ္စများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာလျှင်တိုင်ကြားနိုင်သည့် တိုင်ကြားသူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)