ပခုက္ကူခရိုင် ကြက်သွန်နီကုန်စည်ဒိုင်၌ စက်တင်ဘာလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ် လျက်ရှိသော ကြက်သွန်နီဈေးနှုန်း

Powered by Drupal

အိမ်ရှင်မများအတွက် မရှိမဖြစ်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီမှာ ဈေးမြင့်တက်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီကုန်ဝယ်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ ကြက်သွန်နီများအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဒိုင်ဖြတ်လက်ကားဈေးမှာ ယောစ(ဂျွန်) ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၅၀-၂၆၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၅၅၀ -၂၄၅၀)၊ အနိမ့်စတစ်ပိဿာလျှင်  ကျပ်(၂၃၀၀ -၂၀၀၀)၊ မုံရွာပုလဲစ  ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၇၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၆၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဝင်ကုန်ချိန်အနေဖြင့် တစ်နေ့လျှင် ကုန်ချိန် (၂၅၀၀၀) မှ ကုန်ချိန် (၆၅၀၀၀)ထိ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

          ဆိပ်ဖြူကုန်စည်ဒိုင်၏ ဒိုင်ပြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၇၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြစ်ပြီး ကုန်အဝင်ပိဿာချိန်မှာ နေ့စဉ် ပိဿာချိန် (၁၀၀၀၀)မှ(၂၀၀၀၀)ထိ အရောင်းအဝယ်ဖြစ်နေပါသည်။  ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသောလက်လီဈေးမှာ  ကြက်သွန်နီအရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၃၂၀၀) အနိမ့်စတစ်ပိဿာလျှင်  ကျပ်(၃၀၀၀)ဖြင့် ရောင်းချလျက်ရှိပါသည်။ တင်ပို့မှုအနေဖြင့်  မြန်မာပြည်အောက်ပိုင်း၊ မြဝတီမြို့များသို့တင်ပို့လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

DOCA(မကွေး)