ပခုက္ကူခရိုင်၊ မြို့မစည်ပင်ဈေး၌ စက်တင်ဘာလ (ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြခံစားကုန်ဈေးနှုန်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မြို့မစည်ပင်ဈေးတွင် ပခုက္ကူမြို့နယ်အတွင်းရှိရွာများနှင့် ကမ္မ၊ မြစ်ခြေရှိနယ်များမှ ဟင်းသီးဟင်းရွက်ဈေးသည်များ၊ ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိ မြင်းကျွန်း၊ လေးလံကျွန်း၊ ဘောလုံးကုန်ကျွန်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးတို့မှ လာရောက်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးးနှင့် အမှတ်(၂)ဈေးနှင့် ကိုဗစ်(၁၉)ဈေးမှ ဈေးသည်များထံမှသိရှိရပါသည်။

    ပခုက္ကူမြိုမဈေး၊ အမှတ်(၂)ဈေးနှင့် ကိုဗစ်(၁၉)ဈေးတို့တွင် ရောင်းဝယ်နေသော ကုန်စိမ်းသီးနှံများမှာ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပန်းဂေါ်ဖီ၊ ခဝဲသီး၊ ဂေါ်ဖီထုပ်၊ ဂေါရခါးသီးနှင့် တခြားသီးနှံများအရောင်းအဝယ်ဖြစ်နေပါသည်။ ခရမ်းသီးတစ်ပိဿာဈေးမှာ ကျပ် (၂၄၀၀)၊ ခရမ်းချဉ်သီးမှာ ရှမ်းပြည်နယ်မှလာသော အင်းလေးသီးမှာ တစ်ပိဿာလျှင် ကျပ် (၁၈၀၀-၂၀၀၀)၊ ကျောက်ပန်းတောင်းထိုင်ဝမ်သီးတစ်ပိဿာလျှင် အမျိုးအစားကိုလိုက်၍ ကျပ်(၂၀၀၀-၂၂၀၀-၂၃၀၀)၊ ငရုတ်သီးစိမ်းမှာ မိတ္ထီလာသီးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်သီးစိမ်းရွှေအပ်သီးတစ်ပိဿာလျှင် ကျပ် (၃၀၀၀)၊ ခဝဲသီးတစ်ပိဿာလျှင် ကျပ် (၄၀၀-၅၀၀-၇၀၀)၊ ပန်းဂေါ်ဖီမှာ အပွင့်အရွယ်အစားကိုလိုက်၍ တစ်ပွင့်လျှင် ကျပ်(၈၀၀-၉၀၀-၁၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၁၃၀၀)၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်(၁၅၀-၂၀၀)၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် ကျပ်(၂၄၀၀-၂၆၀၀)၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ်(၃၀၀-၄၀၀-၅၀၀)၊  ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ ရေကန်စွန်းရွက်တစ်စည်းလျှင် ကျပ်(၅၀)၊ ဆူးပုပ်ရွက်တစ်စည်းလျှင် ကျပ်(၂၅၀-၃၀၀)၊ ကင်မွန်းချဉ်ရွက်(၁၀)စည်းပါ တစ်စည်းလျှင် ကျပ်(၅၀၀)နှင့် အသားငါးဈေးမှာ မွေးမြူရေးကြက်တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၉၅၀၀)နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် ကျပ်(၂၅၀၀၀)ဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)