ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်များရှိ ဆီလုပ်ငန်းရှင်များ၊ဆီကုန်သည်များအသင်း(ယာယီ) ဖွဲ့စည်းခြင်းအခမ်းအနားကို တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ Trade Center ခန်းမတွင် ၇.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ၊ဒုတိယညွှန်ကြားရေးမှူးဦးမြင့်အောင်မှ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်းများအား အကျယ်တဝင့် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောခရိုင်မြို့နယ်များမှ ရွေးချယ်ထားရှိသောCEC/ECကိုယ်စားလှယ်(၂၁)ဦးမှ(ယာယီ)အသင်းဥက္ကဋ္ဌ(၁)ဦး၊ ဒုဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၂)တို့အား ဆန္ဒမဲပေးရွေးချယ်ခဲ့ပါသည်။

       ဧရာဝတီတိုင်းဒေသကြီး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)ဖွဲ့စည်းခြင်း အခမ်းအနားကို နံနက်(၁၁:၃၀)အချိန်တွင် အောင်မြင်စွာပြီးစီးခဲ့ပါကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး